Pages

Tuesday, February 27, 2018

Gin no Guardian - The Silver Guardian (2017) Season 1


အထက်တန်းကျောင်းသားလည်းဖြစ် Gamer တစ်ယောက်လည်း ဖြစ်တဲ့ Riku Suigin ဟာ ချမ်းသာ ကြွယ်ဝတဲ့ သူဌေးတွေရဲ့ ကလေးတွေ အထက်တန်းစားအလွှာတွေပဲတက်တဲ့ နာမည်ကြီး Shinryou Private အကယ်ဒမီက ကျောင်းသားတစ်ယောက်ပါ... ဒါပေမယ့် အဲ့ဒီ ချမ်းသာကြွယ်ဝမှုတွေက Suigin အတွက်တော့ ဘာမှမဆိုင်သလိုပါပဲ... ဘာလို့လည်းဆိုတော့ Suiginဟာ အချိန်ပိုင်းအလုပ်အမျိုးမျိုးလုပ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုယ် ရှာနေရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်လို့ပါ...

တစ်ရက်မှာ သူ့ရဲ့အချိန်ပိုင်းအလုပ်တစ်ခုဖြစ်တဲ့ ရေကူးကန်သန့်ရှင်းရေး လုပ်နေရာမှ သူ့ရဲ့ကြောင်လေး ရေကူးကန်ထဲမှာ ရေနစ်သွားလို့ သူကိုယ်တိုင်ဆင်းကယ်ခဲ့ပေမယ့် Suigin က ရေကူးတတ်တဲ့သူ တစ်ယောက် တာ့ မဟုတ်ပါဘူး ... ကံကောင်းချင်တော့ နာမည်ကြီး Game Developer သူဌေးကြီး ရဲ့ သမီးဖြစ်တဲ့သူ အရမ်းလှပပြီး ချစ်သူခင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ Riku Reiက Suigin ရဲ့ အသက်ကို ရေကူးကန်ထဲကနေ ကယ်လိုက်ပါတယ် ... အဲ့ဒီကနေ Suigin ဟာ Rei ကို ချစ်မိသွားပါတော့တယ် ...

တစ်ဖက်မှာလည်း သူ အရမ်းနှစ်သက်ပြီး အသေအလဲဆော့ဂိမ်းက Dungeon Century ပါ ... သူတို့ နှစ်ယောက် အဲ့ဒီဂိမ်းထဲမှာ တွေ့ကြပေမယ့်လည်း Rei ဟာ Suigin မှန်းမသိခဲ့ပါဘူး ... ဒါပေမယ့် Game Company ဟာ အဆင်မြင့်တဲ့ ဂိမ်းကို မိတ်ဆက်ဖို့အတွက် အခုဂိမ်းကို ပိတ်သိမ်းဖို့ ဖြစ်လာပါ တော့တယ်... အဲ့ဒီမှာ Rei ကို အရမ်းချစ်မိသွားတဲ့ Suigin တစ်ယောက် ဘယ်လိုလုပ်မလည်း ... ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေ ကြုံရမှာလည်း ... မြှပ်ကွက်တွေကကော ဘာတွေဖြစ်လာမလည်းဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Japan - Gin no Guardian
English - The Silver Guardian

အပိုင်း ၁၂ပိုင်း ပါဝင်ပြီး အသက် ၁၃နှစ်အထက် ကြည့်ရှုလို့ရတဲ့ Anime အမျိုးအစားဖြစ်ပါတယ်။

Duration ::: 13 mins
Quality ::: 720p
Subtitle ::: English

.:: Download ::.

No comments:

Post a Comment