Pages

Thursday, March 1, 2018

Kokkoku - Moment by Moment (2018)


စိတ်ဖိစီးမှုတွေများစွာရှိနေတဲ့ Juri Yakawa ဆိုတဲ့ မိန်းကလေးဟာ ဘာအလုပ်မှမလုပ် လက်ကြောမတင်း တဲ့ သူ့အစ်ကို Tsubasa နဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ အဖေ Takafumi နဲ့ အတူနေထိုင်ပါတယ်။ ဒါပေမယ့် သူတို့မိသားစုဟာ အချိန်ကို ရပ်တန့်နိုင်တဲ့ အံ့အားသင့်ဖွယ် အစွမ်းမျိုးပိုင်ဆိုင်ထားတယ်ဆိုတာကို သူမ အပါအ၀င် သူ့အစ်ကိုနဲ့ အဖေပါ မသိခဲ့ပါဘူး ... နောက်ပြီး အိမ်ခွဲနေတဲ့ သူ့အစ်မမှာ Makoto ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ် ... Juri အတွက်ရော သူတို့မိသားစုအားလုံးအတွက် Makoto ဟာ မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုပါ ...

တစ်ရက် Juri ရဲ့ တူလေး Makotoနဲ့ သူ့အစ်ကို Tsubasa တို့ဟာ "True Love Society" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ပြန်ပေးဆွဲခံလိုက်ပါတယ် ... အဲ့ဒါကို သိပြီးတဲ့နောက်မှာ သူမရဲ့ အဘိုးဖြစ်တဲ့သူက မိသားစုလျို့ဝှက်ချက်ဖြစ်တဲ့ အချိန်ရပ်တန့်နိုင်တဲ့ အစွမ်းကို ထုတ်ဖော်ပြောခဲ့ပြီး သူမရယ်၊ အဖေဖြစ်သူရယ်၊ အဘိုးဖြစ်သူရယ် သုံးယောက်သား ပြန်ပေးဆွဲခံရတဲ့သူတွေကို သွားကယ်ကြပါတော့တယ်။ ဒါပေမယ့်လို့ လည်း သူတို့တွေ ကယ်ထုတ်ပြီးခါနီးမှာ ရပ်တန့်နေတဲ့ အချိန်ကမ္ဘာထဲ Juri တို့လို လှုပ်ရှားသွားလာနိုင်တဲ့ သူတွေ ရှိလာတဲ့အခါ ... Juriနဲ့ သူတို့မိသားစုဟာ ဘယ်လိုရင်ဆိုင်မှာလည်း ... အချိန်ရပ်တန့်နိုင်ခြင်းနဲ့ ဆက်စပ်နေတဲ့ တစ်ဖက်အဖွဲ့အစည်းကရော ဘာလည်းဆိုတဲ့ လျို့ဝှက်ချက်တွေကို Juri ဖော်ထုတ်ရ တော့မှာပဲ ဖြစ်ပါတော့တယ် ...

သတ်ဖြတ်ခန်းတွေနဲ့ ဆဲဆိုကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းများပါတာကြောင့် ၁၇နှစ် နှင့် အထက်ပဲ ကြည့်ဖို့ သတ်မှတ်ထားပါတယ် ...

Duration ::: 23 mins
Quality ::: 720p
Subtitle ::: English

.:: Download ::.

No comments:

Post a Comment